ဗဟန်း အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ဒေသဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန( ဗဟန်း)၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံဝင်းကအဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ် အေးအေးခိုင်က ပြည်သူ့စကားဝိုင်းများကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်များကိုပြောကြားသည်။ဆက်လက်၍ပြည်သူ့စကားဝိုင်းအားဆက်လက်ကျင်းပရာတွင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်၊ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊မြို့နယ်အခွန်များဦးစီးဌာနမှူးဦးမျိုးဇော်၊မြို့နယ်သမဝါယမဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံ ရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့က ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက်ဆောင်ရွက်ထားရှိသောအခြေအနေများ၊မြို့တော်သန့်ရှင်းသာယာလှပရေးအတွက်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်ထားရှိသောအမှိုက်သိမ်းစနစ်များအကြောင်း၊ ပြည်သူများသက်သာချောင်ချိစွာ ဆန်၊ဆီဝယ်ယူရေးအတွက်သမဝါယမ ဦးစီးဌာနကစီမံဆောင်ရွက်ထားရှိမှုများနှင့်ပြည်သူများ၏လိုအပ်ချက်များကိုလွှတ်တော်တွင်တင်ပြဆွေးနွေးဆောင်ရွက်သွားမည့်အစီအစဉ်များကိုဆွေးနွေးပြောကြားခဲ့ကြသည်။ထို့နောက်ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့်ရပ်ကွက်နေပြည်သူများက သမဝါယမက ရောင်းချ ပေးသည့်ကုန်ပစ္စည်းများအကြောင်းနှင့် သန့်ရှင်းသာယာ လှပရေးအတွက်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပက်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊မြို့နယ်အတွင်းနေထိုင်သူ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။






