ဗဟန်း အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်အတွင်းတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများစိစစ်ရေးလုပ်ငန်းများကို ယနေ့နံနက်၉နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရပ်ကွက်နေပြည်သူများအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ဖြင့် သွားလာနေကြသော ပြည်သူများ ဘေးကင်းစေရန်အတွက် ဗဟန်းမြို့နယ်၊အလယ်ရွှေရပ်ကွက်၊ဗန်ဒါပင်မှတ်တိုင်အနီးတွင် YBS ယာဉ် များ၊ကိုယ်ပိုင်ကားများ၊ Taxis ကားများလမ်းပိတ်ဆို့မှုများမရှိစေရေး နှင့် လိုင်စင်များစစ်ဆေးခြင်းလုပ်ငန်းများကိုဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများက စိစစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယာဉ်စည်းကမ်းလမ်းစည်းကမ်းများစိစစ်ရေးလုပ်ငန်းများကို ဗဟန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

