ဗဟန်း မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်UID ကတ်မရှိသေးသူများအား လူမှုဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဗဟန်းမြို့နယ် ဦးစီးမှူးနှင့်ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ၌ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်လျက်ရှိရာဗဟန်းမြိူ့နယ်(လဝက)ဦးစီးမူးဦးခင်မောင်သန်းဦးစီး၍ဝန်ထမ်းများမှအစိုးသစ်၏ရက် (၁၀၀)စီမံချက်ဖြင့်ရွှေတောင်ကြား(၁)ရပ်ကွက်အမက(၃)ကျောင်း၌အခြေပြု၍ရွှေတောင်ကြား(၁၊၂)ရပ်ကွက်နေနိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသည့်ပြည်သူများအားလည်းကောင်း၊ဆရာစံရပ်ကွက်ကမ္ဘာအေးဘုရားလမ်းရှိတရုတ်ဘုံကျောင်း၌အခြေပြု၍ဆရာစံရပ်ကွက်နေနိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသည့်ပြည်သူများအားUnique ID နံပါတ် UID Card ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းပြုလုပ်ပေးရာတွင်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်နှင့်ဒေါ်ရီရီတင်၊မြို့နယ်အုပ်ချုပ်ရေးမူးဦးကံဝင်း၊ဗဟန်းမြို့နယ်အမျိုးသမီးရေးရာဥက္ကဌဒေါ်သီတာမျိုးနှင့်အဖွဲ့တို့ကလာရောက်ကြည့်ရှူ့အားပေးပြီးလိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။




