ဗဟန်းမြို့နယ်တွင်ရက်၁၀၀စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
ဗဟန်း မေ ၉ ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်UID…
ဗဟန်း မေ ၉ ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၌ရက်(၁၀၀)စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်UID…
ဗဟန်း မေ ၉ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၊ဆရာစံရပ်ကွက်၊ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ၊မြန်မာပလာဇာရှေ့တွင် ဗဟန်းမြို့နယ်အတွင်းယာဉ်အန္တရာယ်၊လမ်းအန္တရာယ်၊ကင်းရှင်းရေးရက်၁၀၀စီမံချက်ဖြင့်ယနေ့နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကြီးကြပ်မှုဖြင့်ဗဟန်းမြို့နယ်အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊တပ်ဖွဲ့စုမှူးဒုတိယရဲမှူးချစ်မင်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမင်းစိုးနှင့်ရုံးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။ အဆိုပါပူပေါင်းအဖွဲ့သည်၊ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအစီအစဉ်အရလူကူးမျဉ်းကျားမှအများပြည်သူများဖြတ်သန်းသွားလာမှုရှိစေရေးလူကူးမျဥ်းကျားတွင်လမ်းကူးသူများအားလက်တွဲဖေးမလမ်းကူးခြင်း၊မော်တော်ယာဉ်များအနေဖြင့်၂၀၂၀ပြည့်နှစ်ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စိမံခန့်ခွဲမှုဥပဒေနှင့်အညီမောင်းနှင်စေရေးမော်တော်ယာဉ်စီးရေ၂၀၀စီးခန့်အားလည်းကောင်းအသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ဗဟန်း ဧပြီ ၁၄ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်၊ကျိုက္ကဆံရပ်ကွက်၊ဗိုလ်စိန်မှန်လမ်း၌၁၃၈၇ခုနှစ်၊ခရစ်နှစ်၂၀၂၆ခုနှစ်၊မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ဗဟန်းမြို့နယ် အေးချမ်းခြင်းမြို့တော် ဖျော်ဖြေရေးမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်နှင့် သနပ်ခါးမဏ္ဍပ်များ ဖွင့်ပွဲအခမ်းအနားများအားယမန်နေ့ညနေပိုင်းတွင်အမှတ်(၈၀/၈၁)၊ ဗိုလ်စိန်မှန်လမ်း၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်၊မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးရုံးရှေ့၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံဝင်းကနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ယိမ်းအဖွဲ့များကမြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေပြီး အတာရေပက်ဖျန်းကြသည်။ အခမ်းအနားသို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ…
ဗဟန်း ဖေဖော်ဝါရီ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေ ပြုဗဟိုဌာန(ဗဟန်း)တွင်ယမန်နေ့မွန်းလွဲ၁နာရီအချိန်တွင်၂၀၂၆-ခုနှစ်၊အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အထိမ်းအမှတ်စကားဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါစကားဝိုင်းသို့ကမာရွတ်ခရိုင်၊အမျိုးသမီးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နီနီအေး၊ ဗဟန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်း ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ် ကွက် နေပြည်သူများ နှင့်စိတ်ပါဝင်စားသူလူငယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည် ။ထို စကားဝိုင်းတွင်ကမာရွတ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီးအနောက်ပိုင်းခရိုင် လူမှုဝန်ထမ်း ရုံးမှခရိုင်ဦးစီးမှူးဒေါ်ခင်ယုဒါရီ၊ဗဟန်းမြို့မရဲစခန်းမှဒုရဲအုပ်ဒေါ်နဒီထူး၊ဗဟန်းမြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ် ဥပဒေအရာရှိဒေါ်ကေခိုင်ဇင်နှင့်ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှအတွင်းရေးမှူး ဒေါ်နီလာမြင့်…