ဗဟန်း အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲ နှင့်ပြပွဲ ၊ပြိုင်ပွဲ များ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် ကအဖွင့်အမှာ စကားပြောကြားပြီးစာရေးဆရာမ ပေါက်ပေါက်က” လူငယ်နှင့်မူးယစ် ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်ဟောပြောပေးပြီး တက်ရောက်လာသောကျောင်းသားကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ဉာဏ်စမ်းပြိုင်ပွဲများကျင်းပ၍အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲသို့တက်ရောက်လာကြသောကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရစေသော သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။





