ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ဆောင်ရွက်
ဗဟန်း ဇန်နဝါရီ ၂၃ ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်း စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။ ထို့သို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ရုံးမှဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကကျောင်းသား၊ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန် စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်…