ဗဟန်း ဒီဇင်ဘာ ၁
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ( ၂၈ )ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ဗဟန်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများကယနေ့မွန်းလွဲပိုင်းက” ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက် ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၊ ကားဂိတ်များ၌ ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနဝန်ထမ်းများက ပြည်သူများရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြပြီး အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားမရှိပါ ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါ သည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့် ဆောင်ပုဒ်များပါဝင်ကြောင်းသိရသည်။
ဆက်လက်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက YBS ကားများနှင့်လူစည်ကားရာနေရာများတွင် ” ဒို့အတူတူမဲပေးကြမယ် “ပိုစတာများကို ကပ်ပြီး ပြည်သူများကို အသိပညာများဖြန့်ဝေပေးခဲ့ကြကြောင်းသိရပါသည်။

