လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကျင်းပ

ဗဟန်း                              ဒီဇင်ဘာ     ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)လူထုအ‌ခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်း ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင်  ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးအောင်ကြည် က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ရှေးဦးပြုစုနည်းသင်တန်းတွင် ပထမ ၊ ဒုတိယနှင့်တတိယဆု ရရှိသော သင်တန်းသူ သင်တန်းသားများကို အမှတ်တရ  လက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက်ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဌဦးတင်သိန်း တို့က အထူးဆုရရှိသူ သင်တန်းသားသင်တန်းသူ ၃ ဦးကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရပါသည်။ ဆက်လက်ပြီး သင်တန်းနည်းပြဆရာများကို ဂါရဝလက်ဆောင်များချီးမြှင့်ခဲ့ပြီး သင်တန်း သားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။ ဤသင်တန်းတွင်ရှေးဦးပြုစုခြင်း ဘာသာရပ်များကို စာတွေ့ ​၊ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသူ သင်တန်း သားပေါင်း ၄၂ ဦးတက်ရောက် ခဲ့ကြောင်းသိရပါသည်