ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ‌ဆောင်ရွက်

 

ဗဟန်း      ဇန်နဝါရီ         ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်း စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ရုံးမှဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကကျောင်းသား၊ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန် စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် စာကြည့်တိုက်မှအသိပညာဗဟုသုတများရရှိ စေရန် ရည်ရွယ်၍  ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူများအား မနှင်းဖွေး ရေးသားသည့် တန်ဖိုး ကိုယ်စီ ပုံပြင်အား ဖတ်ရှု ပြော ပြခဲ့သည်။

ထိုနောက်တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက  စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ် ဆေးဝါးအန္တရာယ်၊လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို လေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။