ဗဟန်း ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဟောပြောပွဲ၊ပြိုင်ပွဲများ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊စာစောင် ပြပွဲများကို ယနေ့နံနက်၁၁နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်များစာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာစေရန် အတွက်”လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်စာရေးဆရာမပေါက်ပေါက်ကဟောပြောခဲ့ကြောင်းသိရ ပါ သည်။ ထို့နောက်တက်ရောက်လာကြသောကျောင်းသားကျောင်းသူများ ကစာစီစာကုံး ပြိုင်ပွဲ ၊ဆေး ရောင်ခြယ်ပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပန်းချီရေးဆွဲပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားအမှတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့်နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများ ကြည့်ရှု့လေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။
