ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်

 

ဗဟန်း        ဖေဖော်ဝါရီ        ၁၄

          ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကစာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြား ခဲ့ပြီး စာရေးဆရာစ်နိုင်(စိတ်ပညာ)ရေးသားသော”လူငယ်နှင့်ဇွဲ”စာအုပ်ပါ “ချစ်သောမျက်စိ ဖြင့်ကြည့်ပါ”ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပါသည်။ ထို့နောက်တက်ရောက် လာ ကြသည့်Youth Club အဖွဲ့ဝင်များက”တန်ဖိုးအရှိဆုံးအရာ” ၊ “အောင်မြင်မှုခရီး” ၊ “လူငယ်နှင့် အနာဂတ်” ၊ ” စာဖတ်လေလေတိုးတက်လေလေ” အစရှိသောခေါင်းစဉ်အသီးသီးဖြင့်ဖတ်ကြားပြီး စာအုပ်ပါအကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။

အဆိုပါ စာဖတ်ဝိုင်းများကို ပြည်သူများနှင့်လူငယ်များစာပေ ဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့်  လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။