ဗဟန်း ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(ဗဟန်း) တွင် (၇၉)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖိတ်ခေါ်MLBB(Mobile Legends Bang Bang) ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ၃နာရီက ကျင်းပ ခဲ့ကြောင်းသိရပါသည်။
အဆိုပါဖိတ်ပြိုင်ပွဲကိုဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌက ကြီးမှူး၍ ဗဟန်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပေးပြီးပြိုင်ပွဲတွင် အဖွဲ့ပေါင်း(၈၀) က MLBB(Mobile Legends Bang Bang )ပြိုင်ပွဲကို ယခုလ ၈ရက်နေ့မှစ၍Online မှစတင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရပါသည်။
ယနေ့တွင် MLBB(Mobile Legends Bang Bang )ပြိုင်ပွဲတွင်နောက်ဆုံး ကျန်ရှိသောအသင်း၄သင်းမှOffline လူချင်းထိတွေ့ယှဉ်ပြိုင်ကစားခဲ့ကြရာပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယ နှင့်စတုတ္ထရရှိသည့်အသင်းများကိုဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးကံဝင်းနှင့်တာဝန်ရှိသူများမှလည်ဆွဲဆုတံဆိပ်နှင့် ငွေသားများချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။





