ဗဟန်း ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးကစာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး စာရေးဆရာညီညီနိုင်ရေးသားသော “အောင်မြင်ရေးသော့ချက်A-Z 26″စာအုပ်ပါ “ရည်မှန်းချက် (Ambition)”ခေါင်းစဉ်ပါအကြောင်းအရာများကိုဖတ်ကြားဆွေးနွေးပါသည်။ထို့နောက်တက်ရောက်လာကြသည့်Youth Club အဖွဲ့ဝင်များက”အောင်မြင်မှုနေပူစာလှုံ” ၊ “ဖန်တီးမှုစွမ်းရည်” ၊ “စိတ်ကူးယဉ် အိပ်မက်မက်ခြင်း”အစရှိသောခေါင်းစဉ်အသီးသီးဖြင့်ဖတ်ကြား ပြီးစာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းသိရပါသည်။
အဆိုပါစာဖတ်ဝိုင်းများကို ပြည်သူများနှင့်လူငယ်များစာပေ ဖတ်ရှု့ သည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်အသိပညာဗဟုသုတ တိုးပွား စေရေး အတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



