ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမ၌ နံနက်၁၁နာရီအချိန်တွင် မြို့နယ်သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌဒေါ်နီနီအေးကအဖွင့် အမှာစကားပြောကြားပြီး ဗဟန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းကဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက် အားရှင်းလင်း ပြောကြားခဲ့ကြောင်းသိရပါသည်။ဆက်လက်၍ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်မီးသတ်ခေတ္တဦးစီးမှူး ဦးမိုးကျော်ဦးက မီးဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ၊ သဘာဝ ဘေးအန္တရာယ်အမျိုးအစားများအကြောင်း ၊ လျှပ်စစ်မီးသုံးစွဲရာတွင် သတိရှိရှိနှင့်မီးဘေးအန္တရာယ် မကျရောက်စေရေး သတိထားရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါသည်။
အဆိုပါအခမ်းအနားသို့ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဌနှင့် အဖွဲ့၀င်များ ၊မြို့နယ်အဆင့်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ဗဟန်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့်အဖွဲ့၀င်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်နေပြည်သူ များ (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။



