လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် Golden Hands Marketing Envent အခမ်းအနားကျင်းပ

ဗဟန်း                  ဖေဖော်ဝါရီ        ၂၂

               ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)တွင် နံနက်၉နာရီ အချိန်တွင် Golden Hands Marketing Envent အခမ်းအနား ကျင်းပပြုလုပ်ကြောင်းသိရပါသည်။

ရှေးဦးစွာအခမ်းအနားကို World Health Institute Myanmar အသင်းမှ National Director  ဒေါ်ရှင်းသန့်ရွှေစင် ကနုတ်ခွန်းဆက် အမှာစကားပြောကြားပြီး Project Leader ဒေါ်မေရီဖြိုး ကပွဲကျင်းပပြုလုပ်ရသည့်အကြောင်းအရင်းအားရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါသည်။ဆက်လက်၍ စကားဝိုင်းကျင်းပပြုလုပ်ရာတွင် National Director ဒေါ်ရှင်းသန့်ရွှေစင်နှင့် အမျိုးသမီး လက်မှုပညာရှင် အဖွဲ့မှတာဝန်ရှိသူများကပါဝင်ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်းသိရပါသည်။

အဆိုပါအခမ်းအနားအပြီးတွင်လက်မှုပညာရှင်များမှ ကိုယ်တိုင် ပြုလုပ်ထားသော ပန်းချီကား များ ၊အဝတ်အထည်များနှင့် အသုံးအဆောင် ပစ္စည်းများကိုရောင်းချပေးခဲ့ကြပြီးအခမ်းအနားသို့ တက်ရောက် လာကြ သောဧည့်သည်တော်များမှ ဝယ်ယူအားပေးခဲ့ကြ ကြောင်း သိရပါ သည်။