ဗဟန်း ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေ ပြုဗဟိုဌာန(ဗဟန်း)တွင်ယမန်နေ့မွန်းလွဲ၁နာရီအချိန်တွင်၂၀၂၆-ခုနှစ်၊အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အထိမ်းအမှတ်စကားဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစကားဝိုင်းသို့ကမာရွတ်ခရိုင်၊အမျိုးသမီးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နီနီအေး၊ ဗဟန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်း ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ် ကွက် နေပြည်သူများ နှင့်စိတ်ပါဝင်စားသူလူငယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည် ။ထို စကားဝိုင်းတွင်ကမာရွတ်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီးအနောက်ပိုင်းခရိုင် လူမှုဝန်ထမ်း ရုံးမှခရိုင်ဦးစီးမှူးဒေါ်ခင်ယုဒါရီ၊ဗဟန်းမြို့မရဲစခန်းမှဒုရဲအုပ်ဒေါ်နဒီထူး၊ဗဟန်းမြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ် ဥပဒေအရာရှိဒေါ်ကေခိုင်ဇင်နှင့်ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှအတွင်းရေးမှူး ဒေါ်နီလာမြင့် တို့မှအမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ပေးနိုင်သည့်ဥပဒေနှင့်ပုဒ်မများအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ကိုစကား ဝိုင်းကျင်းပပြုလုပ်ခဲ့ပြီးတက်ရောက်လာကြသော ပြည်သူများမှ အမျိုးသမီးကဏ္ဍနှင့် ပက်သက်၍ သိလို သည့်အချက်များမေးမြန်းခဲ့ကြပြီးတာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရပါသည်။
စကားဝိုင်းအပြီးတွင်အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးက ပါဝင်ဆွေးနွေးခဲ့သူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။




