ဗဟန်းမြို့နယ်တွင်နွေရာသီသင်တန်းများဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ဗဟန်း                     မတ်         ၁၅

         ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်၊ အမှတ် (၃)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၁၁နာရီအချိန်တွင်အားကစားနှင်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံသင်တန်းများဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးကံဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ တိုက်ကွမ်ဒိုပြိုင်ပွဲ(အမျိုးသား)နှင့် တိုက်ကွမ် ဒိုပြိုင်ပွဲ(အမျိုးသမီး)တွင်ဆုရရှိသူများကို ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံဝင်း၊အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဒေါ်ချိုချိုအုန်း၊ဗဟန်းမြို့နယ်အမျိုးသမီး ရေးရာ ဥက္ကဌ ဒေါ်သီတာမျိုး နှင့် အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး၊ဗဟန်းမြို့နယ်အားကစားမှူး ဒေါ်အောင်မာဝင်း တို့က ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းသူသင်တန်းသားများက တိုက်ကွမ်ဒိုသရုပ်ပြကပြခဲ့ကြကြောင်းသိရသည်။

ဗဟန်းမြို့နယ်၊အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၆- ခုနှစ်အတွက် မြန်မာ့သိုင်း သင်တန်း၊ဝူရှူးသင်တန်း ၊ ပြေးခုန်ပစ်သင်တန်း ​၊ အေရိုးဗစ်သင်တန်း ၊မြန်မာ့ခြင်းလုံးသင်တန်းနှင့် တိုက်ကွမ်ဒိုသင်တန်း စုစုပေါင်းနွေရာသီသင်တန်း(၆)မျိုးကို ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး ဗဟန်းမြို့နယ် အတွင်းရှိအလယ်တန်းနှင့်အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူပေါင်း (၂၇၀) ဦး တက်ရောက်သင်ယူခဲ့ကြ ကြောင်းသိရသည်။