လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်အိမ်ချစ်မေစာပေတိုက်မှထုတ်ဝေသော“ဆယ်ယောက်တစ်ကျိပ်ရသဝတ္ထုတိုများစုစည်းမှု” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ဗဟန်း                  မတ်            ၁၅

        ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ယနေ့ နံနက်၉နာရီအချိန်က အိမ်ချစ်မေစာပေတိုက်မှထုတ်ဝေသော “ဆယ် ယောက် တစ်ကျိပ်ရသဝတ္ထုတိုများစုစည်းမှု”စာအုပ်မိတ်ဆက်ပွဲ အခမ်း အနားကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားစာပေဆုရှင် စာရေးဆရာ အောင်သျှံဝိုင်း၊ အမျိုးသားစာပေဆုရှင်စာရေးဆရာမောင်ခြိမ့်၊ စာပေဗိမာန် စာပေဆုရှင် ဆရာသံလျင်မောင်မောင်ဦး၊ စာ‌ပေဗိမာန်စာ‌ပေဆုများရှင် ဆရာ‌မောင်သာ နှင့်စာပေစိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

‌ ရှေ့ဦးစွာ စာပေဗိမာန်ဆုများရှင် ဆရာသံလျင်မောင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က မုဒိတာစကား ပြောကြားခဲ့သည်။ဆက်လက်၍အမျိုးသားစာပေဆုရှင် စာရေးဆရာ အောင်သျှံဝိုင်း၊စာပေဗိမာန်စာပေဆုများရှင် ဆရာမောင်သာတို့က မုဒိတာ စကားအသီးသီးပြောကြားခဲ့ကြသည်။ထို့နောက်“ဆယ်ယောက်တစ်ကျိပ်” ရသဝတ္ထုတိုများစုစည်းမှုစာအုပ်တွင်ပါဝင်ရေးသားသော အမျိုးသားစာပေ ဆုရှင်ဆရာမောင်ခြိမ့်ကစာအုပ်အား မိတ်ဆက်ရှင်းလင်း ပြောကြားပြီး အိမ်ချစ်မေစာပေတိုက်မှထုတ်ဝေသူဆရာမအိမ်ချစ်မေက ကျေးဇူးတင် စကားပြောကြားခဲ့ကာ အခမ်းအနားကိုရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနကစာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသကာ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားသို့ကြွရောက်လာကြသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။