လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်မြန်မာတေးသီချင်းရေးဆိုနည်းသင်တန်းဆင်းပွဲကျင်းပ

ဗဟန်း        မတ်       ၃၁

 

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centreခန်းမတွင်ယနေ့မွန်းလွဲ၃နာရီအချိန်က မြန်မာတေးသီချင်း ရေးဆိုနည်းသင်တန်းဆင်းပွဲကျင်းပ ခဲ့ကြောင်း သိရှိရသည်။

ဦးစွာလက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကသင်တန်း ဆင်း အမှာစကားစကားပြောကြားခဲ့ပြီး    စာရေးဆရာမ မေဧပရယ်မိုးက သင်တန်းဖွင့်ရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြီးနောက်စာရေးဆရာခင်မောင်ညို ကမုဒိတာစကားပြောကြားပြီး  သင်တန်းဆရာမ မေ(ပြင်ဦးလွင်)ကကျေးဇူးတင်စကားပြောကြားခဲ့ကာ သင်တန်းသူသင်တန်းသားများမှ အမှတ်တရသီချင်းများဖြင့်သီဆို ဖျော်ဖြေ ကြပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။ပြီးနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များ အားကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရပါသည်။