ဗဟန်း မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင် ၊ ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ် ကော်မတီပါအဖွဲ့ဝင်များမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့ မွန်းလွှဲ၁နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့၏ဌာနအလိုက် လစဥ်ပုံမှန် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဗဟန်းမြို့နယ်အတွင်း ပေါင်းစပ် လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး၊ ရေကစားမဏ္ဍပ်၌ယိမ်းအကဖွဲ့များ၊ ဖျော်ဖြေရေး အစီအစဥ်များ ကပြဖျော်ဖြေနိုင်ရေးနှင့် နှစ်ဆန်း ၁ ရက်နေ့တွင် သက်ကြီးဘိုးဘွားကန်တော့ပွဲ၊အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ် နိုင်ရေးတို့ကို ဆွေးနွေးကြရာတက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်းသက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေး ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

