ဗဟန်း ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centreခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ဝါသနာရှင်အသင်း နှင့် ကမာရွတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံ ကွန်ပျူတာသင်တန်းနှင့်ပန်းချီသင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ဝါသနာ ရှင်များအသင်း ဥက္ကဌ ဦးဌေးလင်းကသင်တန်းဆင်းအမှာစကား ပြောကြား ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက် ပိုင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ကျေးဇူးတင် စကားပြော ကြားခဲ့သည်။ ထို့နောက်ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်းနှင့် အမျိုး သမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများကသင်တန်းနည်းပြဆရာများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခဲ့သည်။ထို့နောက် ကွန်ပျူတာသင်တန်းနှင့်ပန်းချီသင်တန်းတွင် ဆုရရှိသူများအားတာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကာ သင်တန်းသား/ သူများအားသင်တန်းဆင်းလက်မှတ်များအသီးသီးချီးမြှင့်ပေးခဲ့ပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကာ အခမ်းအနားကိုရုတ်သိမ်း ခဲ့ကြောင်း သိရသည်။၊
အဆိုပါသင်တန်းဆင်းပွဲသို့ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးကံဝင်း၊ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဌနှင့်အမှုဆောင်များ၊ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့် သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိ ရသည်။





