ဗဟန်း မေ ၇
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Center ၌ ယနေ့နံနက် ၁၀နာရီကမှုခင်းအသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံဝင်းကအဖွင့်အမှာစကားပြောကြားပြီးဗဟန်းမြို့မရဲစခန်းမှူးဒုတိယရဲမှူးနိုင်ဌေးမှမှုခင်းအသိပညာပေးဟောပြောခဲ့ သည်။ဆက်လက်၍မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသိန်းလွင်ကအသိပညာပေးအကြောင်းဟောပြောခဲ့ပြီးဗဟန်းမြို့နယ်အမှတ်(၄၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ ဒုရဲမှူးချစ်မင်းဦးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခဲ့သည်။
ထိုနောက်အခမ်းအနားတက်ရောက်လာကြသူများကိုတာဝန်ရှိသူများကအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကြပြီး အခမ်းအနားတက်ရောက်လာကြသူများကမှုခင်းအသိပညာပေးနှင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေးပြခန်းများကိုကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။





