ဗဟန်းမြို့နယ်၌ဂီတနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မြန်မာမှုအဆိုပြိုင်ပွဲကျင်းပ

ဗဟန်း      မေ        ၂၄

     ၂၀၂၆ခုနှစ်ဇွန်လ(၂၇)ရက်နေ့တွင်ကျရောက်မည့်ဂီတနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်း)ကစီစဥ်ကျင်းပသောမြန်မာမှုအဆိုပြိုင်ပွဲကိုယနေ့မွန်းလွဲပိုင်းကရန်ကုန်အနောက်ပိုင်းခရိုင်၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ကျင်းပသည်။

ဦးစွာအခမ်းအနားကိုဗဟန်းဂီတသီးချင်းဖြင့် ဂီတအစည်းအရုံး(ဗဟန်း)အဖွဲ့ဝင်များကသီဆိုကြပြီးမြန်မာနိုင်ငံဂီတအစည်းအရုံး(ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဌ ဦးလတ်ကအဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်ကမုဒိတာစကားပြောကြားသည်။

ယင်းနောက်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်)ဥက္ကဌ ဦးအောင်ကျော်ထွန်းကမြန်မာမှုအဆိုပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီးမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်) အတွင်းရေးမှူးနီလာ(ဓါတု)ကမြန်မာမှုအဆိုပြိုင်ပွဲအမှတ်ပေးအစီအစဥ်များကိုရှင်းလင်းပြောကြားသည်။ဆက်လက်၍မြန်မာမှုအဆိုပြိုင်ပွဲအတွက်အလှူရှင်များကအလှူငွေများပေးအပ်ကြရာမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်)ဥက္ကဌကလက်ခံရယူခဲ့ပြီးမြန်မာမှုအဆိုပြိုင်ပွဲဝင်များကမြန်မာမှုတေးသီချင်းများဖြင့်ယှဥ်ပြိုင်သီဆိုကြသည်။

ယင်းနောက်မြန်မာမှုအဆိုပြိုင်ပွဲတွင်ဆုရရှိသူများကိုမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟန်းမြို့နယ်)ဥက္ကဌက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။