ဗဟန်း ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာVIP.AFS၂၄နာရီကျန်းမာရေးအထောက်အကူပြုမှ ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃နာရီ ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
သင်တန်းဆင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးကျော်မြင့်အောင် နှင့် ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံဝင်းတို့က သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီးသင်တန်းတွင်ထူးချွန်စွာသင်ကြားခဲ့ကြသောသင်တန်းသားသင်တန်းသူများကိုဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရပါသည်။ထို့နောက်ဗဟန်းမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီတင်၊ ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်း နှင့်ဗဟန်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌတို့ကဗဟန်းမြို့နယ်ကြက်ခြေနီအသင်းသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ကမာရွတ်ခရိုင်ကြက်ခြေနီအသင်းဥက္ကဌဦးအောင်ကြည်ကသင်တန်းဆင်းလက်မှတ်များပေးအပ်ပြီးMESIကောလိပ်မှဆရာဇင်ဖြိုးပိုင်ကကျေးဇူးတင်စကားပြောကြားကာအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။
အဆိုပါသင်တန်းတွင်ရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့၊လက်တွေ့အချိန်၃ရက်ကြာသင်ကြားပေးခဲ့ပြီးဗဟန်းမြို့နယ်ကြက်ခြေနီ အသင်းဝင်နှင့်တပ်ဖွဲ့ဝင် သင်တန်းသူသင်တန်းသားပေါင်း ၄၅ ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။




