ဗဟန်း ဇွန် ၂၉
ဗိုလ်မှူးချုပ်လှမြင့် (အငြိမ်းစား) ဝေးဝေး-စစ်တက္ကသိုလ် ရေးသားသည့် ဝတ္ထုတိုစာအုပ် များ ပေးအပ်လှူဒါန်းပွဲကို ယမန် နေ့ မွန်းလွဲ(၂) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင် ၊ လူထု အခြေပြုဗဟိုဌာန(ဗဟန်း)အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထို့နောက် ဗိုလ်မှူးချုပ်လှမြင့်(အငြိမ်းစား)ကိုယ်စား လက်ထောက် ဌာနမှူး ဦးသိုက်စိုး က “ဘယ်ဆုတောင်းမလဲခင်” နှင့်ကျွန်တော်ရေးခဲ့ဖူးသော ဝတ္ထုတိုလေးများစာအုပ်များကို လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ပြီးနောက်ရန်ကုန်တိုင်းဒေသကြီး ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန ၊ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ဝတ္ထုတို စာအုပ်များ လှူဒါန်းပေးသည့်အတွက် ဌာနကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း ကျေးဇူးတင် စကားပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ပေးအပ်လှူဒါန်းသည့် “ ဘယ်ဆုတောင်းမလဲခင် ” နှင့် ကျွန်တော်ရေးခဲ့ဖူးသော ဝတ္ထုတိုလေးများစာအုပ်များ စာအုပ်ပေါင်း (၁၈၀) အုပ်ဖြစ်ပြီး စာအုပ်တန်းဖိုး(၂၇)သိန်း ကာလ တန်ဖိုးရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ၊ပြည်သူ့စာကြည့်တိုက် များတွင်ထားရှိ ဖတ်ရှု့နိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
