ဗဟန်း ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ လုပ်ငန်း ခွင်စီမံခန့်ခွဲမှုကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Career Development) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ ကြောင်းသိရသည်။ လုပ်ငန်းခွင်အင်္ဂလိပ်စာအရည်အချင်းမြှင့်တင်ခြင်း သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနအတွင်းရှိဝန်ထမ်းများမရှိမဖြစ်လိုအပ်သော အင်္ဂလိပ်စာ အရည် အချင်း ကို မြှင့်တင်ပေးရန်၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ယုံကြည်မှုရှိရှိဆောင်ရွက်နိုင်သည့် စွမ်းရည်မြှင့်ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်၍ ၄-၇-၂၀၂၆ ရက်နေ့မှ ၂၉-၈-၂၀၂၆ ရက်နေ့အထိ(အပတ်စဉ် စနေနေ့တိုင်း) ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ဌာနခွဲများမှဝန်ထမ်းများနှင့်ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အတွင်းရှိဒုတိယဦးစီးမှူးများ စုစုပေါင်း( ၃၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။



