ဗဟန်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ၁ နာရီအချိန်က စာရေးဆရာနန္ဒာသိန်းဇံ ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့်Youth Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ဗဟန်းYouth Clubအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကစာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းအကြောင်းပြောကြားပြီး စာရေးဆရာ၏ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့ကြောင်း သိရ သည်။ထို့နောက် Youth Club အဖွဲ့ဝင်များမှ လူငယ်များက “ဝိုးတဝါးလမ်းနှင့် အတွေးအမြင်အလင်း အလင်းရောင်”၊ ” တွေဝေခြင်းကို ကျောခိုင်းခြင်း ” ၊”ဘဝခရီးသည်တွေဆီက အသံ “၊ “အပြုအမူကောင်းတို့အတွက်ရည်မှန်းချက်”အစရှိသော ခေါင်းစဉ်များကို ဖတ်ကြားပြီးတက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက ဆရာကြီး၏ဆောင်းပါးများကိုဖတ်ကြားခဲ့ကြပြီးစာအုပ်အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက်စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များနှင့်ဆက်လျဉ်း၍ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။ထိုစာဖတ်ဝိုင်းသို့တက်ရောက်လာကြသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား ကြည့်ရှု့ အား ပေးခဲ့ကြကြောင်းသိရပါသည်။




