လူထုအခြေပြုဗဟိုဌာန ( ဗဟန်း )တွင်စာရေးဆရာဖေမြင့်၏ စာအုပ်ဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း  ဩဂုတ်  ၂၀

       ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယနေ့  မွန်းလွဲ၁ နာရီအချိန်က စာရေးဆရာ ဖေမြင့်၏” ဘဝတိုးတက်ဖို့အတွက်စာဖတ်ခြင်း” စာအုပ်ဖြင့်Book Club  စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင်၊ဗဟန်းBook Club အဖွဲ့ဝင်စာရေး ဆရာမြင့်မြတ်အောင်မြင်နှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

ဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးဒေါ်​အေးအေးခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ် ချက် များကိုဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် စာရေးဆရာမညွှန့်ညွှန့် ( ကလော)၊ စာရေးဆရာ မြင့်မြတ်အောင်မြင်၊ စာရေးဆရာမနန်းဟင်းပြင်းနှင့် တက်ရောက်လာ ကြသော Book Club အဖွဲ့ဝင်များက ဆရာကြီး၏စာအုပ်ကို ဖတ်ကြားခဲ့ကြပြီးအယူအဆများကိုရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

ထို့နောက် စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များ နှင့်ဆက်လျဉ်း၍ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုးဒေါ်အေးအေးခိုင်က  ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။ ထိုစာဖတ်ဝိုင်းသို့ဗဟန်း BookClubအဖွဲ့ဝင်များနှင့်စာပေချစ်မြတ်နိုးသူများ၂၀ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။