လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်းဆင်းပွဲ ကျင်းပ

ဗဟန်း                      ဩဂုတ်   ၂၂

ရန်ကုန်တိုင်းဒေသကြီး ၊ အနောက်ပိုင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၊Community  Centre ခန်းမ၌ ရသစာပေ ဖန်တီးရေးဖွဲ့ခြင်းသင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀နာရီတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ထုတ်လုပ် ရေး ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်းက သင်တန်းဆင်း အမှာစကား ပြောပြီးနောက် သင်တန်းနည်းပြဆရာ အမျိုးသား စာပေဆုရှင် စာရေးဆရာမောင်ခြိမ့် ကသင်တန်းသား၊သင်တန်းသူများကို    သင်တန်း အတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့ပါသည်။ရသစာပေရေးသားနည်း သင်တန်းတွင်သင်တန်းသူသင်တန်းသားများက မိမိကြိုက်နှစ်သက်ရာ ဆောင်းပါး၊ဝတ္ထုများကိုရေးသားယှဉ်ပြိုင်ခဲ့ရာ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများ ကို သင်တန်းနည်းပြဆရာ အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်ခြိမ့် ကဆုချီးမြှင့်ပြီး ဝတ္ထုရှည်ပြိုင်ပွဲ တွင်ဆုရရှိသူများကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်းကဆုများချီးမြှင့်ခဲ့​ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ဌာနခွဲများမှဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိ ဦးစီးအရာရှိများ စုစုပေါင်း ( ၃၂)ဦး  တက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။