လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေးဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ

ဗဟန်း                ဩဂုတ်     ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၁နာရီအချိန်က အသိပညာပေးဟောပြောပွဲ နှင့်ပြပွဲ၊ပြိုင်ပွဲများကျင်းပ ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် ကအဖွင့်အမှာစကားပြောကြားပြီး  ကျောင်းသားကျောင်းသူများယဉ်ကျေးမှုရှိစေရန်နှင့် လိမ္မာယဉ်ကျေးစေရန် “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်ဟောပြောပေးပြီး တက်ရောက် လာသော ကျောင်းသားကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲ ၊ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ဉာဏ်စမ်း ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ပန်းချီရေးဆွဲပြိုင်ပွဲ နှင့်စက္ကူခေါက်ပြိုင်ပွဲများကျင်းပ၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရစေသောသုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့ ခဲ့ကြကြောင်းသိရသည်။