ဒေါက်တာသန်းထွန်း၏”လူငယ်တွေစာဖတ်ကြပါ” ဆောင်းပါးဖြင့်လူထုအခြေပြုဗဟိုဌာန ( ဗဟန်း)၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း                                   စက်တင်ဘာ      ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် Youth Clubအဖွဲ့ဝင်လူငယ်တို့ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဒို့ကျေးရွာဂျာနယ်အတွဲ(၂၃)၊အမှတ်(၁၈)တွင်ပါဝင်သောစာရေးဆရာဒေါက်တာသန်းထွန်းရေးသားသည့် “‌လူငယ် တွေစာဖတ်ကြပါ”ဆောင်းပါးဖြင့် ယနေ့မွန်းလွှဲ(၁)နာရီကပြည်သူ့စာ ကြည့် တိုက်ခန်းမတွင် ကျင်းပခဲ့သည်။ ‌

စာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး စာဖတ်သူနှင့်စာမဖတ်သူသည် အတွေးအခေါ်၊အယူအဆ၊ပေါင်းသင်းဆက်ဆံရေးနှင့်လူမှုရေးရာကျွမ်းကျင်မှုတို့အပေါ်မူတည်၍ကွဲဲပြားသွားကြောင်းဆောင်းပါးပါအကြောင်းအရာများကို ရှင်းလင်းဖတ်ကြားပါသည်။ထို့ နောက်  Youth Club အဖွဲ့ဝင်များက ဆောင်းပါးတွင်ပါရှိသည့်  အကြောင်းအရာများဖြစ်ကြသော စာမဖတ်ပါက သတင်းအမှန်အမှားခွဲခြားရန်ခက်ခဲ့သည့်အကြောင်း၊စာမဖတ်၍အခွင့်အရေးဆုံးရှုံးသည့်ဥပမာများနှင့် ယခုခေတ်တွင်ဖုန်းတစ်လုံးရှိရုံနှင့် စာဖတ်ရန် လမ်းစပွင့်သွားနိုင်ကြောင်း၊ရည်ရွယ်ချက်ရှိရှိအသင်းဖွဲ့ပြီး ဖုန်းထဲမှစာ ကိုဖတ်ဖို့တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့ Youth Clubအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲတို့ကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။