လူထုအခြေပြုဗဟိုဌာန( ဗဟန်း)ရုံးစာရေးသားနည်းသင်တန်း ( ၂/၂၀၂၆) ဖွင့်လှစ်

ဗဟန်း            စက်တင်ဘာ   ၁၄

           ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ၊ လူထုအခြေပြု ဗဟိုဌာန ( ဗဟန်း) တွင်ရုံးစာရေးသား နည်း သင်တန်း ( ၂/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်း ဖွင့်အမှာ စကားပြောကြားရာတွင် ရုံးဝန်ထမ်းများအား ရုံးစာရေးသားနည်းနှင့်ပက်သက်၍လည်းကောင်း၊ ဝင်စာထွက်စာများထိန်းသိမ်းနည်းများ ၊ အစည်းအဝေး မှတ်တမ်းရေး သားနည်းများကို မှန်ကန်စွာ ဆောင်ရွက်တတ်ကြစေရန် ရည်ရွယ်ပြီး ရုံးစာရေးသားနည်း သင်တန်းကိုဖွင့်လှစ်ရကြောင်း ပြောကြားသည်။ ထို့ နောက်ရုံးလုပ်ငန်းသဘောတရားနှင့်စာရွက်စာတမ်းလုံခြုံစွာထိန်းသိမ်းနည်းဘာသာ ရပ်ကို သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ရုံးအကူ၊လုပ်သားရုပ်သံ၊ အငယ်တန်း စာရေးဝန်ထမ်းများ တက်ရောက်သင်ကြားလျက်ရှိ​ကြောင်းသိရသည်။