ဗဟန်း အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာမူလတန်း ကျောင်းတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီတွင် နယ်လှည့်စာကြည့်တိုက်နှင့်ပြပွဲပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ရန်ကုန် အနောက်ပိုင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက ကျောင်းသားကျောင်းသူများအား ကျောင်းစာအပြင် ဗဟုသုတ ရရှိစေနိုင်သောစာများဖတ်ရှု့ကြရန် ဟောပြောပြီး အမှတ် ( ၁၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲ များတွင်ပါဝင် ယှဉ်ပြိုင် ကြပြီးအမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက်ကျောင်းသားကျောင်းသူများ ကိုသုတရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီးကျောင်းသားကျောင်းသူများ ကာယ ဖွံ့ဖြိုးတိုးတက်စေရန် အတွက်ရည်ရွယ်၍ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲ၊ ဘယ်ခြေညာလက် ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။






