လူထုအခြေပြုဗဟိုဌာန( ဗဟန်း)၌ သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆) ဖွင့်လှစ်

ဗဟန်း     အောက်တိုဘာ  ၂၁

      ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( ဗဟန်း) တွင်  သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ( ၁/၂၀၂၆)      ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန် ကြားရေးမှူးဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် သတင်းရေးသားခြင်းနှင့် video ရိုက်ကူးတည်းဖြတ်ရာတွင် မှန်ကန်မြန်ဆန်စွာ ရေးသားနိုင်စေရန်ရည်ရွယ်၍ဖွင့်လှစ်ရကြောင်းပြောကြားသည်။ထို့နောက်သတင်းသဘောတရားဘာသာရပ်ကိုသင်ကြားပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။