လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
ဗဟန်း ဒီဇင်ဘာ ၁၀ ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူးများဖြင့် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ဖွင့်လှစ်သင်ကြား လျက် ရှိကြောင်းသိရှိရသည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က သင်တန်းဖွင့်ပွဲ…