လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်လှစ်

ဗဟန်း                  မတ်                  ၂၃

          ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတို့ပူ​ပေါင်းကျင်းပ သည့်AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း ဖွင့်ပွဲအခမ်းအနားကိုယ​နေ့နံနက်ပိုင်းတွင်လူထုအခြေပြုဗဟိုဌာန(ဗဟန်း)မြို့နယ်၌ပြုလုပ်သည်။စာကြည့်တိုက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များနှင့်စာကြည့်တိုက်အသင်းအဖွဲ့များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူးများတက်​ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူးကအဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူတွေအသိပညာအတွေးအခေါ်မြင့်မားရေးအထောက်အကူဖြစ်စေတဲ့ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် အစိုးရ၊ အဆင့်ဆင့်သော စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ၊ စာကြည့်တိုက်မှူးများနဲ့  ပြည်သူများကပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ယခုသင်တန်းသို့တက်ရောက်မည့်သင်တန်းသားစာကြည့်တိုက်မှူးများအနေဖြင့်သင်တန်းတက်ရောက်တဲ့ကာလမှာ သင်တန်းကပို့ချတဲ့AIနည်းပညာနဲ့ဆက်စပ်ပြီး.စာကြည့်တိုက်ပညာရပ်များကိုကြိုးစားသင်ယူပြီး  မိမိတို့စာကြည့်တိုက်တွေမှာပြန်လည်အသုံးချကာမိမိဒေသကပြည်သူများ အထူးသဖြင့် လူငယ်များ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြဖို့လိုအပ်​ကြောင်း​ပြောကြားခဲ့သည်။ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌဦးမောင် မောင်ဦးကသင်တန်းဖွင့်လှစ်သင်ကြားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးအခမ်းအနားတက်​ရောက်လာကြသူများကစု​ပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ယ​နေ့ကျင်းပ​သောAI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်သို့သင်တန်းသူသင်တန်းသား(၅၀)ဦးတက်​ရောက်ကြပြီး သင်တန်းကာလမှာမတ်၂၃ရက်မှမတ်၂၆ရက်အထိဖွင့်လှစ်သင်ကြား​ပေးမည်ဖြစ်​ကြောင်းသိရှိရသည်။