ဗဟန်း မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတို့ပူးပေါင်းကျင်းပ သည့်AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပပြုလုပ်သည်။
စာကြည့်တိုက်သင်တန်းဆင်းပွဲအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များနှင့်စာကြည့်တိုက်အသင်းအဖွဲ့များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သင်တန်းသူ/ သင်တန်းသားများတက်ရောက်ကြသည်။ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူးကသင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယနေ့ ၂၁ရာစုခေတ်ကိုပညာရှင်များကတတ်သိပညာခေတ်(Knowledge Age) ဟု ဆိုကြပါကြောင်း၊ တတ်သိပညာခေတ်ဖြစ်တာနဲ့အညီ ကမ္ဘာတစ်ဝန်းလုံးမှာ ဆက်သွယ်ရေးနည်းပညာနဲ့ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများက လျင်မြန်စွာ တိုးတက်ပြောင်းလဲနေပါတယ်၊ သတင်းအချက်အလက်များလျင်မြန်လာမှုနဲ့နည်းပညာတိုးတက်ပြောင်းလဲလာမှု ကြောင့် လူထုဆက်သွယ်ရေးနည်းလမ်းများက ထိရောက်မှုရှိလာပြီး စာကြည့်တိုက်များရဲ့ အခန်းကဏ္ဍကလည်းအရေးပါလာပါကြောင်း၊ပြည်သူတွေအသိပညာအတွေးအခေါ်မြင့်မားရေးအထောက်အကူ ဖြစ်စေတဲ့ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးဖို့အတွက် အစိုးရ၊ အဆင့်ဆင့်သော စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီများ၊စာကြည့်တိုက်မှူးများနဲ့ပြည်သူများကပူးပေါင်းဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ယခုသင်တန်းမှပို့ချတဲ့AIနည်းပညာနဲ့ဆက်စပ်ပြီး စာကြည့်တိုက်ပညာရပ် များကိုကြိုးစားသင်ယူခဲ့ပြီးဖြစ်သလိုသင်တန်းကရရှိတဲ့ဗဟုသုတတွေကိုမိမိတို့စာကြည့်တိုက်တွေမှာပြန်လည်အသုံးချကာမိမိဒေသကပြည်သူများအထူးသဖြင့်လူငယ်များစာဖတ်ရှိန်မြှင့်မားလာရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြဖို့လိုအပ်ကြောင်းပြောကြားခဲ့သည်။ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်ဒေါက်တာခင်လေးစိုးက AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း ဖွင့်လှစ်နိုင်မှုအခြေအနေ ရှင်းလင်းပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများကAI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း သင်တန်းထူးချွန်ဆုရရှိသူများနှင့်သင်တန်းသားများကိုထူးချွန်ဆုနှင့်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ယင်းနောက်သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးအခမ်းအနားတက်ရောက်လာကြသူများကစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
ယနေ့ကျင်းပသောAI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်သို့သင်တန်းသူသင်တန်းသား(၅၀)ဦးတက်ရောက်ကြပြီးသင်တန်းကာလမှာမတ်၂၃ရက်မှမတ်၂၆ရက်အထိဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။



