လူထုအခြေပြုဗဟိုဌာန (ဗဟန်း)Community Centerခန်းမ၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ

ဗဟန်း    ဇန်နဝါရီ      ၁၉

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအ‌ခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရပါသည်။

သင်တန်းဆင်းပွဲတွင်  ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌဦးအောင်ကြည် က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးသင်တန်းတွင်ထူးချွန်စွာ သင်ကြားခဲ့ကြသော သင်တန်းသား သင်တန်းသူများကိုဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရပါသည်။ ထို့နောက်သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။

အဆိုပါသင်တန်းတွင်ရှေးဦးပြုစုခြင်းဘာသာရပ်များကိုစာတွေ့၊လက်တွေ့အချိန်၃ရက်ကြာသင်ကြား ပေးခဲ့ပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းဝင် နှင့်တပ်ဖွဲ့ဝင် သင်တန်းသူသင်တန်းသားပေါင်း၄၃ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။