လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် ချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့မှထုတ်ဝေသော သုတ၊ရသစာပေပျိုးခင်းစာအုပ်အမှတ်(၁၄)မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ဗဟန်း                  ဖေဖော်ဝါရီ        ၁

         ရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြု ဗဟိုဌာန (ဗဟန်း) တွင် ယနေ့ နံနက် ၉ နာရီအချိန်ကချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့မှထုတ်ဝေသော သုတ၊ရသစာပေ ပျိုးခင်းစာအုပ်အမှတ်(၁၄) “စဉ့်အိုးလေး”စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ချစ်ခြင်း အက္ခရာ စာစဉ်အဖွဲ့ နာယကများ၊ အယ်ဒီတာအဖွဲ့ဝင်များ၊စာတည်းမှူးချုပ်၊အမျိုးသားစာပေဆုရှင် စာရေး ဆရာကြီးဆောင်းဝင်းလတ်၊ အမျိုးသားစာပေဆုရှင် မိချမ်းဝေ၊ စာပေဗိမာန်စာမူဆုရှင် ဆရာ သန်လျင်မောင်မောင်ဦးနှင့်စာပေစိတ်ပါဝင်စားသူများ  တက်ရောက်ကြသည်။

ဦးစွာ ချစ်ခြင်းအက္ခရာစာစဉ်အဖွဲ့ အယ်ဒီတာအဖွဲ့ဝင် ဆရာမနန်းဟင်းပြင်းကဂုဏ်ပြုတေးထပ် ကဗျာရွတ်ဆိုပြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ကြိုဆို နုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးရသစာစဉ်အဖွဲ့နာယကဆရာ အောင်ကျော်ဆွေ(သန်လျင်)နှင့်ဆရာမ ကြီးလေးခင်(တော်ဝင်ပန်း)က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ အမျိုးသားစာပေဆုရှင်စာရေးဆရာကြီးဆောင်းဝင်းလတ်၊စာရေးဆရာမမိချမ်းဝေ၊စာရေးဆရာမညွှန့်ညွှန့်(ကလော)နှင့်စာပေဗိမာန်စာမူဆုရှင်ဆရာသန်လျင်မောင်မောင်ဦးတို့ကမုဒိတာစကားများပြောကြားခဲ့ပြီး ရသစာပေ စာတည်းမှူးချုပ်စာရေးဆရာမြင့်မြတ်အောင်မြင်က   အက္ခရာစာစဉ်အဖွဲ့မှ ထုတ်ဝေ သော သုတ၊ရသစာပေပျိုးခင်း စာအုပ်အမှတ်(၁၄) “စဉ့်အိုးလေး” စာအုပ်ကိုထုတ်ဝေဖြစ်ပုံနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိ ရပါသည်။

ထို့နောက်ဆရာမြင့်မြတ်အောင်မြင်ကိုအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်များခင်းကျင်းပြသကာ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။