ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း                   မတ်လ        ၃

          ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Women Clubအဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို စာရေးဆရာကောင်းပြည့်စုံရေးသားသော “ထူးချွန်ကျော်ကြား မြန်မာအမျိုးသမီးများ”စာအုပ်ဖြင့်ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး “ထူးချွန်ကျော်ကြား မြန်မာအမျိုးသမီးများ” စာအုပ်မှ ဘိုးဘွားရိပ်သာများ၏မိခင်ကြီး ဘွားဦးဇွန်း အကြောင်းကို ဖတ်ကြားဆွေးနွေးပြီးတက်ရောက်လာကြသော Womem Club မှ အဖွဲ့ဝင်များက လူထုဒေါ်အမာရဲ့အကြောင်း၊ စာရေးဆရာမကြီး ဒေါ်ခင် နှင်းယုအကြောင်း၊ဂျာနယ်ကျော် မမလေးအကြောင်းများကို အသီးသီး ဖတ်ကြားခဲ့ကြပြီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းများကို ပြည်သူများစာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။