ဗဟန်း မေ ၂၇
မြန်မာတရုတ်နှစ်နိုင်ငံဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိသည့်တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း (China Foumdation Peace And Development (CFPD)အတွင်းရေးမှူး Mr. WangHeming ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည်မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုဌာန အသင်းမှ Mr.Li Bo Bo(ဦးသစ္စာ)လိုက်ပါလျက်ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊လူထုအခြေပြုဗဟိုဌာန(ဗဟန်း)သို့လာရောက်လေ့လာခဲ့သည်။
ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ရုပ်ရှင်မြှင့်တင် ရေးဌာနခွဲမှဦးရဲလင်းမြင့်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနှင့်မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှလှူဒါန်းသည့်ကွန်ပျူတာ ၃၅စုံအားခရိုင်နှင့်မြို့နယ်ရုံးစာကြည့်တိုက်များတွင်DLMSစနစ်ဖြင့်ဆောင်ရွက်ရန်ဖြန့်ဝေထားပြီးဖြစ်ကြောင်းရှင်းလင်းပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းကလူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre တွင် ဆောင်ရွက်လျက်ရှိသည့် စာကြည့်တိုက်သင်တန်းဖွင့်လှစ်မှု၊ဟောပြောပွဲ၊ပြပွဲ၊ပြိုင်ပွဲ၊သင်တန်းအစည်းအဝေး/ဆွေးနွေးပွဲ၊စာဖတ်ဝိုင်း၊TalkShowစသည်ဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အဆိုပါလေ့လာရေးအဖွဲ့မှ အတွင်းရေးမှူး Mr.Wang Hemimg ကယခုလို လာရောက်တွေ့ဆုံခွင့်ရသည့်အတွက်အရမ်းဝမ်းသာပါကြောင်း Community Centre တွင်ပြည်သူတွေအတွက်အများကြီးအကျိုးရှိစွာ သုံးစွဲနေသည်ကို သိရှိရ၍ဝမ်းမြောက်မိပါကြောင်း၊နှစ်နိုင်ငံချစ်ကြည်ရေး
အတွက်ကောင်းမွန်ပြီး ပြည်သူလူထုနှင့် ချစ်ကြည်ရေး ကောင်းများလည်း ရရှိပါကြောင်း၊ မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှစ်နိုင်ငံချစ်ကြည်ရေး အတွက်ပိုမိုကောင်းမွန်ပြီးလိုအပ်သည်များကိုလုပ်ပေးနိုင်အောင်ဆောင်ရွက် သွားပါမည်ဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် လေ့လာရေးအဖွဲ့မှအတွင်းရေးမှူးနှင့်အဖွဲ့သည်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန သို့အားကစားပစ္စည်းများကိုလှူဒါန်းပေးအပ်ခဲ့သည်။
ထိုနောက်လေ့လာရေးအဖွဲ့သည်Community Centre ရှိ ပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်၊သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ ၊ ကလေးစာဖတ်ခန်းနှင့် GYM ခန်းများသို့လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြောင်းသိရှိရသည်။






