ဗဟန်း စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်( ဗဟန်း)လူထုအခြေပြု ဗဟိုဌာန၌ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူး ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း ( သာမာန် )သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁နာရီ ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
သင်တန်းဆင်းပွဲတွင်ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌဒေါက်တာဇော်ဌေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ ကြောင်းသိရသည်။ထို့နောက် ရှေးဦးပြုစုခြင်း ( သာမာန် )သင်တန်း၌ ပထမဆုရရှိသော ကသ- ၁၆ မမြတ်နိုးချယ်၊ ဒုတိယဆုရရှိသော ကသ – ၁၀ မဖူးပြည့်ခိုင်နှင့် တတိယဆုရရှိသော ကသ -၁ မောင်ဟန်ကောင်းသန့် တို့အား ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်မြင့်အောင်က ဆုများချီး မြှင့် ခဲ့ပြီး အထူးဆုရရှိသော ကသ-၂၅ ဦးသက်ဝင်းနှင့် ကသ- ၉ မောင်ခန့်ထက်လင်းတို့အားကမာရွတ်ခရိုင်၊ကြက်ခြေနီကြီးကြပ်ရေးကော်မတီ၊ဥက္ကဌဦးအောင်ကြည်ကဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။ထို့နောက် သင်တန်းတွင်သင်ကြားပို့ချပေးသောသင်တန်းနည်းပြများအားအမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားကိုရုတ်သိမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင်ရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့၊လက်တွေ့အချိန်၅ရက်ကြာသင်ကြားပေးခဲ့ပြီး ကမာရွတ်မြို့နယ်
နှင့် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်သင်တန်းသူသင်တန်းသား ပေါင်း ၃၀ ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။




