ဗဟန်း ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းဖွင့်ကို ယနေ့နံနက် ၉ နာရီ ကကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
သင်တန်းဖွင့်ပွဲတွင် ကမာရွတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ကြည် က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ဗဟန်းမြို့နယ်ကြက်ခြေနီအသင်း တပ်ခွဲမှူးဦးအောင်ကိုဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ကို ပြောကြားခဲ့ကြောင်းသိရပါသည်။ ဤသင်တန်းတွင်ရှေးဦးပြုစုခြင်း ဘာသာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး အချိန် ၃ ရက်ကြာသင်ကြားပေးမည် ဖြစ်ကြောင်းသိရပါသည်။
အဆိုပါသင်တန်းတွင် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းဝင်နှင့်အဖွဲ့ဝင် သင်တန်းသူ သင်တန်းသား စုစုပေါင်း ၄၃ ဦးတက်ရောက်ကြကြောင်းသိရပါသည်။

