ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်

 

ဗဟန်း        ဖေဖော်ဝါရီ           ၃

          ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)Community Centre ခန်းမတွင် Women Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို စာရေးဆရာမပေါက်ပေါက်ရေးသားသော “ကင်ဆာဘေး ဝေးကြစေ” စာအုပ်ဖြင့်ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် ကစာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး စာရေးဆရာမပေါက်ပေါက်က “ကင်ဆာဘေး ဝေးကြစေ” စာအုပ်မှကင်ဆာရောဂါအမျိုးအစားများ၊အဖြစ်များသောအမျိုးသားကင်ဆာများနှင့် အဖြစ်များသော အမျိုးသမီးကင်ဆာများ အကြောင်းကို ဖတ်ကြားဆွေးနွေးပြီးတက်ရောက်လာကြသော Womem Clubအဖွဲ့ဝင် များက မိမိသိရှိလိုသည်များအားအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းများကို ပြည်သူများစာပေဖတ်ရှုသည့် အလေ့ အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့်  လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။