ဗဟန်း မတ်လ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို စာရေးဆရာမောင်မင်းစိုး ရေးသားသော “လူငယ်နဲ့ခေါင်းဆောင်မှု” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေး ခိုင်ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီးခေါင်းဆောင်သူရဲ့အရည်အချင်း ပါအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပါသည်။ထို့နောက်တက်ရောက်လာကြသည့်Youth Clubအဖွဲ့ဝင်များက” ခေါင်းဆောင်ကောင်းတစ်ယောက်အကြောင်း” ၊”လူငယ်ဆိုတာအနာဂတ်ရဲ့မိခင်လောင်း” ၊ “လူတစ်ယောက်ရဲ့တန်ဖိုး” ခေါင်းစဉ်ပါအကြောင်းအရာမှားကိုဖတ်ကြားခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။
အဆိုပါ စာဖတ်ဝိုင်းများကို ပြည်သူများနှင့်လူငယ်များစာပေ ဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်အသိပညာဗဟုသုတ တိုးပွား စေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



