ဗဟန်း ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) ရှိ ဘက်စုံ သုံးခန်းမတွင်ယနေ့နံနက်၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိဝန်ထမ်းများဖြင့် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ကို ဖွင့်လှစ်သင်ကြား လျက် ရှိကြောင်းသိရှိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကသင်တန်းဖွင့်ပွဲ အမှာစကား ပြောကြားခဲ့ပြီး သင်တန်း၌ ရုံးလုပ်ငန်းသဘောတရားနှင့် စာရွက် စာတမ်း ထိန်းသိမ်းခြင်းဘာသာရပ်ဖြင့်စတင်သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ အငယ်တန်းစာရေးနှင့် လုပ်သား ရုပ်သံဝန်ထမ်း(၁၂)ဦးတက်ရောက်သင်ယူလျက်ရှိကြောင်း၊ ခရိုင် လက်ထောက် ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဦးစီးအရာရှိ၊မရမ်းကုန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့်အလုံမြို့နယ်များမှဦးစီးအရာရှိ များကသင်တန်း နည်းပြများအဖြစ်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်မားစေရေးအတွက် ရုံးစာ ရေးသာနည်း၊ရုံးလုပ်ငန်းများစီစစ်ခြင်း၊ခရီးသွားမှတ်တမ်းတင်ခြင်း ၊GPMS-EDMSအသုံးပြုခြင်းနှင့်လုပ်ငန်းစီမံချက် ရေးသားနည်းဘာသာ ရပ်များသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့်သင်တန်းကို သုံးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


