ဗဟန်းမြို့နယ်၌၂၀၂၆-၂ဝ၂၇ဘဏ္ဍာရေးနှစ်တည်ဆဲအခွန်ဥပဒေများအရလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဗဟန်း           ​မေ              ၁၁

           ပြည်တွင်းအခွန်များဦးစီးဌာန၊ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တည်ဆဲအခွန်ဥပဒေများအရလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းတွင်ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center ၌ကျင်းပသည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးကံဝင်းကအဖွင့်အမှာစကားပြောကြားပြီးဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှမြို့နယ်အခွန်ဦးစီးဌာနမှူးဦးရဲဝင်းနိုင်ကအခွန်ဆိုင်ရာကိစ္စရပ်များကိုပြည်သူများအားရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍အခမ်းအနားတက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့​ကြောင်းသိရှိရသည်။