ဗဟန်း မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် စာရေးဆရာအသင်း၏ ၂၀၂၆ ခုနှစ်အတွက် စတုတ္ထအကြိမ် ညီလာခံသက်တမ်းအတွက် အမှုဆောင်ရွေးချယ်ပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာအမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားတွင် ဗဟန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဌဦးကိုကိုလေး(ရန်ကင်းကိုကိုလေး)က အဖွင့်အမှာစကား ပြောကြားပြီး ဘဏ္ဍာရေးမှူးဦးသိမ်းထွန်းက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၏နှစ်ပတ်လည်အစီရင်ခံစာကိုဖတ်ကြားပါသည်။ ထို့နောက် အလှူရှင် ၅ ဦးက ဗဟန်းမြို့နယ်စာရေးဆရာအသင်းသို့ အလှူ ငွေ တစ်သိန်းစီပေးအပ်လှူဒါန်းပြီးသဘာပတိမှကျေးဇူးတင်စကားပြောခဲ့ ကြောင်းသိရသည်။
ဆက်လက်ပြီး အမှုသစ်ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌ က ရွေးကောက်ပွဲ စည်းမျဥ်းစည်းကမ်းများအား ပြောကြားပြီး မြို့နယ် စာရေးဆရာအသင်းဥက္ကဌအဖြစ် ဒေါက်တာထွန်းထွန်းဦး၊ ဒု ဥက္ကဋ္ဌ အဖြစ် ဒေါ်နီနီတင်(နီနီ-မြန်မာစာ)၊ အတွင်းရေးမှူးအဖြစ် ဦးသိမ်းထွန်း၊ တွဲဘက် အတွင်းရေးမှူးအဖြစ် ဦးသန်းဝင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအောင်သင်း၊ အမှုဆောင်များအဖြစ်ဦးခင်မောင်သိန်း၊ဒေါ်သီတာစိုးတို့ အားရွေးချယ် တင်မြှောက်ခဲ့ကြောင်းသိရသည်။



