လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပ

 

 ဗဟန်း     ​မေ       ၂၂

        ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကမာရွတ်ခရိုင်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီ၊ဗဟန်း မြို့နယ် စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီ၊ဗဟန်းမြို့နယ်ဂီတအစည်းအရုံး၊ RIT(U-70)တို့စီစဥ်ကျင်းပသောမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကိုယနေ့မွန်းလွဲ၁နာရီကရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန(ဗဟန်း)CommunityCenter၌ကျင်းပခဲ့သည်။

ဦးစွာဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှတင့်ကအဖွင့်အမှာစကားပြောကြားပြီးရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းကမြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများနှင့်တွေ့ဆုံဖျော်ဖြေပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ဆက်လက်၍မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများဖြစ်​သောဒေါ်ခင်ခင် ၊ဒေါ်ခင်ထွေးမော် ၊ တက္ကသိုလ် လဲ့လဲ့ တို့ကမြန်မာသံစဉ်ဂန္တဝင်​တေးသီးချင်းများကို​ဖျော်​ဖြေတင်ဆက်ကြသည်။

ယင်းနောက်မြန်မာသံစဉ်ဂန္တဝင်အဆိုတော်ကြီးများကိုရန်ကုန်တိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်းနှင့်လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်​အေး​အေးခိုင်တို့က ဂုဏ်ပြုလက်ဆောင်များချီးမြှင့်​ပေးအပ်ခဲ့သည်။ထို​နောက် RIT (U-70)ကအဆို​တော်များနှင့်ဧည့်သည်​တော်အဆို​တော်များက မြန်မာသံစဉ် တေးသီချင်းများကို ဆက်လက်သီဆိုဖျော်ဖြေခဲ့​ကြောင်းသိရသည်။