လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင်စာရေးဆရာမမမိုးအေး(ကိုယ်တိုင်ရေး)၏”ဥယျာဉ်မှူးရဲ့နှလုံးသား”ဆောင်းပါးဖြင့်Book Club စာဖတ်ဝိုင်းပြုလုပ်

 

ဗဟန်း        မေ      ၂၆

    ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ၁ နာရီအချိန်က   စာရေးဆရာမမမိုးအေး(ကိုယ်တိုင်ရေး)၏”ဥယျာဉ်မှူးရဲ့ နှလုံးသား”  ဆောင်းပါးဖြင့်Book Club  စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်၊ဗဟန်းBook Clubအဖွဲ့ဝင်များ၊ မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်နှင့်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာစာရေးဆရာသမိုင်းမြို့မ ဘုန်းတေဇ၊ စာရေးဆရာမတင့်တယ်ခင်၊စာရေးဆရာမညွှန့်ညွှန့်(ကလော) ၊စာရေးဆရာအောင်ချစ်မိုး တို့ကမုဒိတာစကားပြောကြားပြီး    လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက်      မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်ကအဖွင့်အမှာစကားပြောကြားပြီးဆောင်းပါးရှင်     စာရေးဆရာမမမိုးအေး(ကိုယ်တိုင်ရေး)၏”ဥယျာဉ်မှူးရဲ့ နှလုံးသား”  ဆောင်းပါးကိုဖတ်ကြားပြီးတက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက ဆရာကြီး၏ဆောင်းပါးကိုဖတ်ကြားခဲ့ကြပြီးစာအုပ်အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များနှင့်ဆက်လျဉ်း၍   စာရေးဆရာမမမိုးအေး(ကိုယ်တိုင်ရေး)၏”ဥယျာဉ်မှူးရဲ့နှလုံးသား”ဆောင်းပါး    နှင့်ပတ်သတ်ပြီး ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာ့တံခွန်အယ်ဒီတာချုပ်ဆရာဦးသူရဇော်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။ထိုစာဖတ်ဝိုင်းသို့တက်ရောက်လာကြသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအားကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရပါသည်။